Sunday, October 28, 2007

မေမေဟာ ရန်သူတွေကို တစ်ယောက်တည်း ရင်ဆိုင်

ပုခက်လွှဲတဲ့လက်ဟာ
သွေးသံရဲရဲ စစ်ပွဲတွေထဲ
ရေလောင်းရင်း မီးလောင်နေသူ ။

' မေမေ ' ။

မေမေ လို့
ကျွန်တော် တိုးတိုးလေး ခေါ်လိုက်တယ် ။
သားချော့တေးတွေနဲ့
ကမ္ဘာကြီးကို လက်ဆင့်ကမ်းခဲ့တာပေါ့ မေမေ
စံပယ်ပန်း ဖြူဖြူလေးတွေဟာ မေမေ့ကြောင့်ပွင့်တာ
မေမေ့ဆွဲအားကြောင့် ဒီရေ တက်တာပေါ့

မေမေ ပျိုးထားတဲ့ ကြယ်ပန်းခင်းတွေထဲ
သားသားတို့တိုးခွေ့ဆော့ကစားတဲ့အခါ
မေမေ တစ်နေရာကနေ မျှော်ငေးကြည့်နေမယ်
မေမေ့ မျက်လုံးထဲမှာ မျက်ရည်တွေနဲ့
မေမေ့ လက်ထဲမှာတော့ အေးစက်တဲ့ဓားတစ်လက်
တဖြည်းဖြည်း ချဉ်းကပ်လာတဲ့ ရန်သူတွေကို
မိန်းမသားဖြစ်တဲ့ မေမေ ၊ ဘယ်လို ရင်ဆိုင်မလဲ

ပန်းခင်းထဲ သင်းပျံ့နေတဲ့ တခိုးခိုး တခစ်ခစ် ရယ်သံတွေဟာ
မေမေ့ ရင်ထဲ အရောက်ဝင်ခဲ့တယ်
အဲဒီ မီး နဲ့ပဲ မေမေ ရပ်စောင့်လို့နေခဲ့

ဒီဇာတ်လမ်းမှာ ပျော်ရွှင်မြူးတူးနေကြသူတွေကတော့
ဘာမှ မသိသေးတဲ့ သားသားတို့မောင်နှမတတွေပေါ့
မေမေရယ် ။

ပိုင်မင်းဆွေ

2 comments:

Anonymous said...

မေမေလို့ ကျွန်တော် တိုးတိုးလေး ခေါ်လိုက်တယ် ...
THS

nyimg said...

ခေါင်းစဉ်နဲ့တင် မျက်ရည်ကျရတယ်။ အားလုံးလဲဖတ်ပီးရော မျက်နှာသစ်ပီးသားဖြစ်သွားတယ်။
စကားလုံးတွေရဲ့ အားက သိပ်ပြင်းထန်ပါလားဗျာ။