Saturday, December 13, 2008

အမေ့အလွမ်းပြေ

ရေခြားမြေခြား တစ်ပါးတိုင်းတွင်
သင်ယူပညာ စေရာတာဝန်
ကျေပွန်စေရာ ကြိုးစားပါလည်း
သည်းခိုက်တုန်မျှ ချမ်းအေးလှသည့်
ညအမှောင်ထဲ မျက်ရည်ဝဲလျှက်
အိပ်ပျက်ညဝယ် ငယ်စဉ်ဘဝ
အညာဒေသ ဆောင်းကာလတွင်
အမေ့ရင်ခွင် ခိုဝင်မှေးစက်
အိပ်ခဲ့ရက်တွေ ပြန်လည်တမ်းတ
လွမ်းနေရတယ် အမေရယ်.....

အောင်မြင့်
(http://helloallmyfriend.blogspot.com)

3 comments:

Anonymous said...

Good Poem
I like this poem.
I miss my mother alot.

Kaung Kin Ko said...

ကိုစိုင်းလောင်ဝိန်း ဘလော့ ထဲမှာ အမေကဗျာ ဖတ်ရင်းနဲ့ ဒီဘလော့ လင့်ခ်ကိုတွေ့ လို့ လိုက်လာတာဗျာ။ အမေ ကဗျာတွေစုထားတာတွေ့ ရလို့ အားရမိတယ်ဗျာ။

Anonymous said...

တုနှိုင်းမဲ့ မေ့မေတ္တာ